အတန်​ဆုံးနှုန်းထားဖြင့်​ အလန်းဆုံးပစ္စည်းများကိုရရှိနိုင်​မည့်​ Grand Yangon Sale မိတ်​ဆက်

ရန်​ကုန်​ – ဇူလိုင်​ ၂

ဈေးဝယ်​ချစ်​သူများ နှစ်​သက်​​ကျေနပ်​​စေမည့်​ အတန်​ဆုံးနှုန်းထားဖြင့်​ အလန်းဆုံးပစ္စည်းများကို ဝယ်​ယူရရှိနိုင်​မည့်​ Grand Yangon Sale မိတ်​ဆက်​ခြင်းအခမ်းအနားကို ယ​နေ့ဇူလိုင်​လ(၂ )ရက်​​နေ့က ရန်​ကုန်​မြို့၊ဂျန်းရှင်းစီတီးပရိုမိုးရှင်းဧရိယာ၌ ကျင်းပခဲ့ပါသည်​။

ယ​နေ့မိတ်​ဆက်​လိုက်​သည့်​ အဆိုပါ Grand Yangon Sale ကို Junction Centre Centre Management မှ ဦး​စီး​ဆောင်​ရွက်​လျှက်​ရှိသည့်​ရန်​ကုန်​မြို့၏ ထင်​ကရ ​ဈေးဝယ်​စင်​တာများဖြစ်​သည့်​ Junction Square ၊ Junction Centre Maw Tin ၊
Junction Centre 8Mile နှင့်​ Junction Cite တို့ရှိ မိတ်​ဖက်​ဆိုင်​ခန်းမျာူ Upselling ပြုလုပ်​သည့်​ အ​နေဖြင့်​ အဆိုပါ ​ဈေးဝယ်​စင်​တာအသီးသီး၌ ဇူလိုင်​လ(၃)ရက်​​နေ့မှ သြဂုတ်​လ (၄)ရက်​​နေ့အထိ တစ်​လတိုင်​တိုင်​ ပြုလုပ်​သွားမည်​ဖြစ်​​ကြောင်းသိရသည်​။

“ဒီ Grand Yangon Sale ဟာ မြန်​မာနိုင်​ငံမှာ ဒီနှစ်​အတွက်​ အထင်​ကရဖြစ်​​စေမယ့်​ Sale Event တစ်​ခုဖြစ်​လာဖို့ ​မျှော်​လင့်​မိပါတယ်​။ ဂျန်းရှင်းစီတီးဂရု အ​နေနဲ့ အခုလိုပွဲကြီးလုပ်​ခွင့်​ရတဲ့အတွက်​ ဆိုင်​ခန်းရှင်​​တွေ၊ ​ဈေးဝယိသူ​တွေနဲ့ ဆက်​ပြီး​တော့ ဆက်​သွယ်​မှု​ကောင်း​တွေုဖစ်​​ပေါ်​စေဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်​။ ဂျန်းရှင်းစီတီးဂရုရဲ့မိတ်​ဖက်​ဖြစ်​တဲ့ Visa ကလည်း ဒီနှစ်​ ကျွန်​မတို့ရဲ့ Grand Yangon Sale မှာ အတူတကွပူး​ပေါင်းပါဝင်​​ပေးထားပါတယ်​။ ​ဈေးဝယ်​သူ​တွေအ​နေနဲ့ Credit Card နဲ့ ပိုမိုလွယ်​ကူအဆင်​​ပြေစွာဝယ်​ယူနိုင်​မှာဖြစ်​ပါတယ်​။ Visa Card ကိုင်​​ဆောင်​အသုံးပြုသူ​တွေအ​နေနဲ့လည်း ​ဈေးဝယ်​မှုတိုင်းအတွက်​ လက်​​ဆောင်​များလဲလှယ်​နိုင်​မှာဖြစ်​ပါတယ်​”ဟု ဂျန်းရှင်းစီတီးဂရုမှ မာကတ်​တင်း မန်​​နေဂျာဖြစ်​သူ ​ဒေါ်စန္ဒီမြင့်​ မှ ​ပြောကြားခဲ့သည်​။

Grand Yangon Sale တွင်​ ပါဝင်​သည့်​ စိန်​​ရွှေရတနာဆိုင်​ခန်းများ၊ အဝတ်​အထည်​ဆိုင်​ခန်းများ ၊အလှအပဆိုင်​ရာပစ္စည်းဆိုင်​ခန်းများနှင့်​ အိတ်​၊ဖိနပ်​ စသည့်​ လူသုံးကုန်​ပစ္စည်းဆိုင်​ခန်းများအပါအဝင်​ စား​သောက်​ဆိုင်​ခန်းများတွင်​သတ်​မှတ်​ထားသည့်​ကာလအတွင်း ဝယ်​ယူအား​ပေး​သော ​ဈေးဝယ်​သူများအတွက်​ ၃၀% မှ ၉၀% ထိ အထူး​လျှော့​ဈေးများဖြင့်​ ​ရောင်းချ​ပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.