Circular Economy-အနာဂတ်အတွက်နည်းလမ်းတစ်ခု

သမရိုးကျစီးပွားရေး ( Linear economy ) တစ်ခုမှနေ၍ CIRCULAR ECONOMY တစ်ခုအဖြစ်ပြောင်းလဲရန်ဆိုသည်မှာ လွယ်ကူသောအရာတစ်ခုမဟုတ်ပါ။ သို့ပေမယ့် ယခုလိုပြောင်းလဲမှုသာ အောင်မြင်သွားခဲ့မယ်ဆိုလျှင် ဤစီးပွားရေးစနစ်သည် မြန်မာနိုင်ငံအတွက်သာမက တစ်ကမ္ဘာလုံးအတိုင်းအတာအထိပါ ပိုမိုကောင်းမွန်သောဘဝတွေ ဖန်တီးဖို့၊ ကုန်ကျစရိတ်တွေလျော့ချဖို့နဲ့ ပတ်ဝန်းကျင်အတွက် ကောင်းကျိုးတွေကိုပါ သယ်ဆောင်လာပေးမှာ ဖြစ်ပါတယ်။ သမရိုးကျစီးပွားရေး ( Linear economy ) လမ်းကြောင်းဆိုသည်မှာ ‘’TAKE-MAKE- DISPOSE’’ ဆိုသောစကားလို ပြန်လည်ရရှိနိုင်တဲ့လုပ်ငန်းတွေမပါသော တစ်လမ်းသွားစီးပွားရေးလမ်းကြောင်းဖြစ်ပါတယ်။ သမရိုးကျစီးပွားရေး၏လမ်းကြောင်း ( Linear economy )ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ပြန်လည်နှိုင်းယှဉ်ကြည့်လိုက်ရင် အနုတ်လက္ခဏာတွေသာ ပိုများနေပါတယ်။


CIRCULAR ECONOMY စနစ်မှာ ပြုလုပ်အသုံးပြုပြီးပြန်လည်ရရှိသော ( MAKE-USE-RETURN ) လုပ်ငန်းစဉ်အရ ကုန်ချောထုတ်လုပ်သောလုပ်ငန်းများမှ ထွက်လာသော အသုံးဝင်စွန့်ပစ်စွမ်းအင် နှင့်ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး ဆက်နွယ်လျက်ရှိသောလူမှုဘဝတွေ အားလုံးကို စနစ်တကျတိုးတက်လာစေဖို့အတွက် ရည်ရွယ်ထားပါတယ်။ CIRCULAR ECONOMY အတွက် မူဝါဒလမ်းညွှန်များကို ချမှတ်ခြင်းဖြင့် အစိုးရဘက်မှလည်း ရေရှည်ဖွံ့ဖြိုးမှုအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများရရှိရန် တွဲဖက်ခေါင်းဆောင်များဖြင့် အဆင့်မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။


အောင်မြင်သွားခဲ့ပါက ကုမ္ပဏီများကို ၎င်းတို့၏အရင်းအမြစ်များ အမြင့်ဆုံးမြှင့်တင်နိုင်စေရန် အကူအညီဖြစ်စေရုံသာမကပဲ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် လုံလောက်သော အရင်းအမြစ်များကို ရရှိစေမှာလည်းဖြစ်ပါတယ်။ လက်ရှိလူကြီးများလက်ထပ်မှ နောင်လာမည့် မျိုးဆက်သစ်များအတွက် မျိုးစေ့ချထားပေးခဲ့မည့် အမွေအနှစ်တစ်ခုလည်း သတ်မှတ်နိုင်ပါတယ်။


The Circular Economy – အရင်းအမြစ်များကို ကျော်လွန်၍ အချိန်နှင့်အမျှ အကျိုးရှိအောင် လှုံဆော်ခြင်း


CIRCULAR ECONOMY စနစ်သည် စွန့်ပစ်ပစ္စည်းများဖြင့်မဟုတ်ပဲ သဘာဝအရင်းအမြစ်များကိုအသုံးပြု လုပ်ကိုင်နေသော စက်မှုလုပ်ငန်းများနှင့် စီးပွားရေးပုံစံများတွင် အသုံးပြုနိုင်ပါတယ်။ အဓိကအချက်ကတော့ ဒီစီးပွားရေးစနစ်ဟာ စီးပွားရေးလုပ်ငန်းများနှင့်ယှဉ်ပြိုင်ခြင်းပဲဖြစ်ပါတယ်။ ၎င်းစနစ်မှာတော့ စီးပွားရေးထောက်ပံ့မှုများပြုလုပ်ဖို့အတွက် စက်မှုလက်မှုကုမ္ပဏီများ သို့မဟုတ် ယင်းကုမ္ပဏီများနှင့်ဆက်စပ်နေတဲ့လုပ်ငန်းများကို လွှမ်းခြုံရန် ထိရောက်သော ချဉ်းကပ်မှု တစ်ခု ဖြစ်ပါတယ်။ ထုတ်လုပ်ရေးအဆင့်မှာလည်း မြင့်မားတဲ့အရည်အသွေးသတ်မှတ်ချက်များဖြစ်တဲ့ ကြာရှည်ခံပုံစံ၊ ထိန်းသိမ်းမှု၊ ပြုပြင်မှု၊ ပြန်အသုံးပြုခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ပြင်ဆင်မွမ်းမံခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်းတို့ကို ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။


အာဆီယံနိုင်ငံများမှ တင်ပို့ကုန်များ တိုးတက်လာခြင်းကို လက်ခံလာခြင်းဟာ လူမှုဘဝတွေကို တိုးတက်မြင့်မားလာစေပြီး စက်မှုလုပ်ငန်းများအတွက်လည်း ကြွယ်ဝမှုများကို ထပ်မံသယ်ဆောင် ပေးမယ့်အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော စီးပွားရေးလမ်းစဉ်ကို ဖော်ဆောင်ကြမည့် မူဝါဒသစ်ချမှတ်သူများကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ CIRCULAR ECONOMYအတွင်းတွင် နက်ရှိုင်းစွာဝင်ရောက်နေသေးတဲ့ ပုံသေစီးပွားရေး၏ လမ်းစဉ်များတွေကတော့ သဘာဝသယံဇာတများ ပျက်စီးမှု၊ လူမှုရေးမညီမျှမှုနှင့် ရာသီဥတုပြောင်းလဲမှုနှင့် သက်ရောက်မှုများ၏ အန္တရာယ်အကျိုးဆက်များပဲဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ သဘာဝအရင်းအမြစ်များ လျင်မြန်စွာကုန်ခမ်းနေတဲ့ဒေသများဖြစ်လာစေပြီးတော့ အာဆီယံဒေသနှင့် ကိုက်ညီမှုမရှိတော့သည့် လမ်းစဉ်တစ်ခုလည်းဖြစ်လာပါတယ်။ ထုတ်ကုန်ပစ္စည်းတစ်ခုချင်းစီကို တစ်မျိုးဆီပြန်လည်ခွဲထုတ်ခြင်းနဲ့ ယင်းပစ္စည်းများကို ထုတ်ကုန်သစ်များထုတ်လုပ်သည့်နေရာတွင် အသုံးပြုခြင်း သို့မဟုတ် အခြားစွမ်းအင်များအဖြစ်အသုံးပြုခြင်းဟာ အဖြစ်နိုင်ဆုံးနဲ့ ထိရောက်မှုအရှိဆုံးဖြစ်ပါတယ်။ ရှိနေတဲ့ပစ္စည်းတွေကို ပြန်လည်အသုံးပြုခြင်းအားဖြင့် ကုန်ကြမ်းများထပ်မံဝယ်ယူရန်သက်သာပြီး ကုန်ကျစရိတ်ကိုလည်း သက်သာစေမှာဖြစ်ပါတယ်။ CIRCULAR ECONOMY ဥပမာအနေနဲ့ကုန်ပစ္စည်းများ ပိုင်ဆိုင်သူက သုံးစွဲသူများဆီကို ပေးပို့ရမှာမဟုတ်ပဲ သက်ဆိုင်ရာနည်းလမ်းအလိုက် ပစ္စည်းအားလုံးကို ပြန်လည်ရရှိနိုင်မယ့်အာမခံလည်းရှိသလို အမြတ်အစွန်းအများဆုံးရရှိနိုင်မယ့် စီးပွားရေးပုံစံတစ်ခုဖြစ်တဲ့အပြင် သတ်မှတ်ထားတဲ့ဈေးနှုန်းများမှ ရုတ်တရက်ကျဆင်းခြင်းကိုလည်း ကာကွယ်ပေးထားပါတယ်။


CIRCULAR ECONOMY အစကိုတော့ နည်းပညာသစ်ဖြစ်စေ နည်းပညာမလိုသော ထုတ်လုပ်မှုအဆင့်မှာဖြစ်စေ စတင်အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ပိုင်ဆိုင်သူနှင့် အရင်းအမြစ်စီမံခန့်ခွဲမှုများရဲ့ ပြောင်းလဲမှုဆက်နွယ်ချက်များ၊ သုံးစွဲသူနှင့် စီးပွားရေးလုပ်ငန်းအဆင့်၊ စီးပွားရေးလုပ်ငန်းစဉ်သစ်များမိတ်ဆက်ခြင်းအတွက် မြှင့်တင်ဖို့လိုအပ်ချက်တစ်ခု၊ ထုတ်ကုန်ဝန်ဆောင်မှုများ၊ နည်းပညာမျှဝေမှုများ၊ တစ်ဦးနှင့်တစ်ဦးဆက်နွယ်မှုများနှင့် စက်မှုလုပ်ငန်းဆိုင်ရာကိုက်ညီမှုများပါဝင်ပါတယ်။ ယင်းတို့ထဲကမှ အများစုကတော့ လုံလောက်တဲ့အချက်အလက်ရရှိနိုင်မှုနှင့် App များ၊ websites များ၊ သုံးစွဲသူနှင့် ၎င်းတို့၏နည်းပညာများနှင့် သုံးစွဲသူအသုံးပြုနေသော အခြေခံအချက်အလက်များပေါ် မူတည်ပါတယ်။
CIRCULAR ECONOMY ဖြစ်စဉ်ကို SCG လိုမျိုး အာဆီယံနိုင်ငံများ၏ ဦးစီးဦးဆောင်စီးပွားရေးလုပ်ငန်းစုမှ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။


SCG Circular Way


SCG မှ CIRCULAR ECONOMY စနစ်၏အဓိကအချက်ကိုသတ်မှတ်နိုင်ခဲ့ပါပြီ။ ယင်းမှာ ပတ်ဝန်းကျင်ဆိုင်ရာအမြင်သစ်များ၊ လူမှုရေးနှင့် စီးပွားရေးများပါ ပါဝင်သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သောပန်းတိုင်များကို ရရှိစေမည့်သော့ချက်ပဲ ဖြစ်ပါတယ်။ SCG မှ စီးပွားရေးလုပ်ငန်းများ၌လေ့ကျင့်မည့်အပိုင်းတွင် CIRCULAR ECONOMY စနစ်ကို ထည့်သွင်းရန် ကြိုးစားပေးခဲ့ပါတယ်။ CIRCULAR ECONOMY စနစ်၏နည်းဥပဒေများကို လူထုလိုအပ်ချက် မြင့်တက်လာမှုနှင့် ပြန်လည်ဖြည့်တင်းမှုလုပ်ငန်းများ၏ သုံးစွဲမှုနှင့် ထုတ်လုပ်မှုတွင် တည်မြဲလာသော အပြုအမူပြောင်းလဲမှုများကို ဦးတည်၍ ပြောင်းလဲမှု အနည်းငယ်ကိုပါ ထည့်သွင်းရန်ကြိုးစားပေးခဲ့ပါတယ်။ တက်ကြွသောပါဝင်လုပ်ဆောင်မှုများကို လူတန်းစားအားလုံး ပါဝင်လာအောင် မြှင့်တင်ဖို့အတွက် SCG မှရည်ရွယ်ပါတယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းက CIRCULAR ECONOMYစနစ် အမှန်တကယ်ဖြစ်ပေါ်လာစေဖို့ပြုလုပ်ရာမှာ သော့ချက်ဖြစ်ပါတယ်။


CIRCULAR ECONOMY စနစ်ဟာ စီးပွားရေးလုပ်ငန်းပုံစံသစ်တစ်ခုဖြစ်ပါတယ်။ ယင်းစီးပွားရေးစနစ်ရဲ့ ရည်မှန်းချက်နဲ့ လမ်းညွှန်ချက်တွေကတော့ စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းမဟုတ်သော အရာများ၏ ဆက်စပ်မှုနှင့် အသုံးချမှုတို့ကို ပေါင်းစပ်တင်ပြခြင်း၊ တီထွင်ဖန်တီးခြင်း၊ တန်ဖိုးပေါင်းထည့်ခြင်း၊ စနစ်ပြန်ဆွဲခြင်းနှင့် ပြန်လည်စတင်ခြင်းတို့မှ ခရုပတ်လမ်းကြောင်းတစ်ခုကို ချဉ်းကပ်ရန် ဖန်တီးခြင်းအားဖြင့် အရင်းအမြစ်သစ်များအသုံးပြုမှုကို နည်းသထက်နည်းအောင် ပြုလုပ်ပြီး အရင်းအမြစ်များ၏တန်ဖိုးကို အမြင့်မားဆုံးဖြစ်အောင်ပြုလုပ်ရန်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ပိုမိုကောင်းမွန်သောတန်ဖိုးများနှင့် ရေရှည်ကောင်းကျိုးပေးနိုင်သော ပတ်ဝန်းကျင်၊ လူမှုအဖွဲ့အစည်း၊ လူမှုဆက်ဆံရေးနှင့် စီးပွားရေးလုပ်ငန်းများကို တည်ဆောက်နေခြင်း ဖြစ်ပါတယ်။


CIRCULAR ECONOMY စနစ် အမှန်တကယ်အကောင်အထည်ပေါ်လာစေဖို့ အဓိကသော့ချက်မှာ အစိုးရ၊ ပုဂ္ဂလိကနှင့် လုပ်ငန်းရှင် အဖွဲ့အစည်းအားလုံးမှ အတူတကွပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါတယ်။ SCG သည်နိုင်ငံတကာအတွက်ရော ပြည်တွင်းအခြေအနေအတွက်ပါ ပြည့်စုံပြီးရေရှည်တည်တံ့ ခိုင်မြဲသော CIRCULAR ECONOMY စနစ်တစ်ခုရရှိစေရန် သက်ဆိုင်ရာအားလုံးနှင့် ပူးပေါင်းဆက်သွယ် လုပ်ဆောင်မှုကိုတိုးမြင့်ကာ ဦးဆောင်သွားပေးမည်ဖြစ်ကြောင်းကိုလည်း သဘောတူထားပြီး ဖြစ်ပါတယ်။ ဥပမာပြောရရင် တာရှည်ခံပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးအတွက် လူထုနှင့်ပုဂ္ဂလိကညှိနှိုင်းဆောင်ရွက်ရေးအတွက် တစ်စိတ်တစ်ပိုင်းပါဝင်ဆောင်ရွက်ပေးခြင်း၊ CIRCULAR ECONOMY စနစ်တန်ဖိုးများပေါ်တွင်အခြေခံ၍ လူမှုစီးပွားရေးအဖွဲ့အစည်းတစ်ခုကို တည်ဆောက်ရန် Rayong ပြည်နယ် Map Ta Phut စည်ပင်သာယာရေးအဖွဲ့တွင် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေးကွန်ယက် တစ်ခုကိုတည်ဆောက်ခြင်း၊ ထိုင်းနိုင်ငံ Dow Thailand Group နှင့်အတူ နည်းပညာဆိုင်ရာများကို ပူးတွဲလုပ်ဆောင်၍ ယင်းကုမ္ပဏီ၏ သိုဝှက်ထားသော လျှို့ဝှက်လုပ်ငန်း ဖြစ်သည့် Recycled Plastic Road အမည်ရှိ စွန့်ပစ်ပလတ်စတစ်များကို နိုင်လွန်ကတ္တရာနှင့်ရော၍ ကြာရှည်ခံလမ်းများပြုလုပ်ခြင်းကို ပူးပေါင်းလုပ်ဆောင်ခြင်းတို့ပဲ ဖြစ်ပါတယ်။


ဒီနေ့ခေတ်မှာတော့ သတင်းအချက်အလက်နည်းပညာသည် အရင်းအမြစ်များ လုံလုံလောက်လောက် နှင့် လက်တွေ့စုစည်းရန် ပြုလုပ်ပေးနိုင်နေပြီ ဖြစ်ပါတယ်။ ဆောက်လုပ်ရေးပစ္စည်းစက်ရုံ တွင် BIM ( အဆောက်အဦးအချက်အလက်များပုံဖော်ခြင်း ) ဟုခေါ်သော လက်မှုအနုပညာ၊ တည်ဆောက်ရေးနှင့် အင်ဂျင်နီယာပညာရှင်များလိုမျိုး အစီအစဉ်ဆွဲခြင်း၊ ပုံစံပြုလုပ်ခြင်း၊ တည်ဆောက်ခြင်းနှင့် ဆောက်လုပ်ခြင်းလုပ်ငန်းစဉ်များကို ပူးတွဲဆောင်ရွက်ပေးနိုင်သည့် ဉာဏ်ရည်မြင့် 3D စနစ်အခြေခံနည်းပညာကို ရရှိထားပြီးဖြစ်ပါတယ်။ ဤအကျိုးရလာဒ်များသည် အုပ်ချုပ်ရေးလုပ်ကိုင်နေသူများအားလုံးအတွက် အချက်အလက်နှင့် လုပ်ငန်းလည်ပတ်မှုများ ပူးပေါင်းဆောင်ရွက်ရေးတွင် အချိန်နှင့်အရင်းအမြစ်များကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ SCG မှ ဤအခြေအနေကိုကြိုတင်သိရှိထားပြီး BIM ကို စီမံခန့်ခွဲမှုအတွက်သာမကပဲ BIMINONE ဟုအမည်ပေးထားသော ပတ်ဝန်းကျင်နှင့် လိုက်ဖက်ကိုက်ညီမှုရှိသည့်ပစ္စည်းများကိုရွေးချယ်၍ စွန့်ပစ်ပစ္စည်းကိုလျော့ချရန်အတွက် အချက်အလက်များတစ်ခုနှင့်တစ်ခု ချိတ်ဆက်လိုက်ခြင်း အားဖြင့် အရင်းအမြစ်စီမံခန့်ခွဲမှု၏ တိကျသောပမာဏနှင့် အချိန်ကို အဆောက်အဦး တည်ဆောက်ရာတွင် အသုံးပြုသူကိုအထောက်အကူဖြစ်စေမည့် BIM အတွက်ပစ္စည်းတိုက်ကို ထုတ်လုပ်သူများ ဖန်တီးခွင့်ပြုမည့်နေရာတစ်ခု တစ်ခုပြုလုပ်ပေးထားပါသည်။


ထို့အပြင် SCG ၏ပတ်ဝန်းကျင်နှင့်သင့်လျော်အောင်ဖန်တီးလုပ်ဆောင်လျက်ရှိသော ထုတ်ပိုးမှုလုပ်ငန်း၏စက္ကူထုတ်လုပ်ခြင်းလုပ်ငန်းသည်လည်း အသုံးပြုထားသောစွန့်ပစ်စက္ကူများကိုစုဆောင်းကာပြန်လည်အသုံးပြုခြင်းဖြင့်အကျိုးရှိစွာလုပ်ဆောင်လျက်ရှိသည်။ ဤထုပ်ပိုးမှုသည် သစ်ပျော့သားနှင့်တူညီသော ခံနိုင်ရည်ရှိသည့်အတွက် သစ်သားအသုံးပြုမှုလျော့ကျစေရန် ပေါ့ပါးသော စက္ကူအဖြစ်ပြုလုပ်ဖန်တီးထားခြင်းဖြစ်ပါတယ်။ ထိုကဲ့သို့သော စက္ကူမျိုးကို မြောင်းဖော်ထားသောသေတ္တာပုံစံနှင့်တွဲစပ်လိုက်ပါက အခြားမည်သည့်စက္ကူထူထုတ်ပိုးမှုများထက် မဆို ပိုမိုပေါ့ပါးပြီး တာရှည်ခံနိုင်တဲ့ အစိမ်းရောင်စက္ကူထူကိုရရှိနိုင်ပါတယ်။ SCG သည် ဈေးဆိုင်နှင့်အိမ်များမှ အသုံးမလိုသော စွန့်ပစ်ပစ္စည်းများကိုစုဆောင်းရန် သုံးစွဲသူများ လိုအပ်ချက်ကိုဖြေရှင်းပေးမည့် ဒစ်ဂျစ်တယ်နည်းပညာတစ်ခုကိုတီထွင်နေပြီး လက်လီပြန်ရောင်း သောဆိုင်များမှလည်း ကျန်ရှိနေသောအရာများကို ပြန်လည်စိုက်ပျိုးရန်အတွက် စုဆောင်းခြင်း ကဲ့သို့သော များပြားလှသည် လုပ်ငန်းများကို လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။


“စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချနိုင်ရန် အားသွန်လုပ်ဆောင်ရမည့် အရာများမှာ ထိရောက်သော စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုစနစ်နှင့် စွန့်ပစ်ပစ္စည်းများကို သက်ဆိုင်ရာအလိုက် စွန့်ပစ်ခြင်းနှင့် ခွဲခြားခြင်းတို့ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် အရင်းအမြစ်များ အသုံးပြုမှုကို လုံလောက်စေနိုင်မှာသာမကဘဲ သုံးစွဲမှုရလာဒ်အနေဖြင့် အဖွဲ့အစည်းများ အားလုံးကြားတွင် စွန့်ပစ်ပစ္စည်းပြဿနာကို လျော့ချနိုင်မှာလည်း ဟုတ်ပါတယ်။ လူတိုင်းလူတိုင်း သုံးစွဲနိုင်သလောက်ပြန်လည်သုံးစွဲခြင်း၊ စွန့်ပစ်ပစ္စည်းများကိုခွဲခြားပစ်ခြင်းနှင့် နောင်အနာဂတ် မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို မျိုးစေ့ချပေးခြင်းစတဲ့ အလေ့အကျင့်များကို လိုက်နာကြပြီး စံနမူနာကောင်းများပြုလုပ်နိုင်ကြမှာပဲ ဖြစ်ပါတယ်။”

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.